Care Myanmar မှ လုပ်ဖော်ဆောင်ဖက်များနှင့် ဥပဒေအထောက်အကူပြုဆိုင်ရာ ဆွေးနွေးပွဲ


ဥပဒေရေးရာကုစားရေးမြန်မာ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Care Myanmar မှ လုပ်ဖော်ဆောင်ဖက်များကို ဥပဒေဆိုင်ရာ အပြောင်းအလဲများနှင့် ယင်းတို့၏ လုပ်ငန်းနှင့် စပ်လျဉ်းသည့် သိသင့် သိထိုက်သော ဥပဒေဆိုင်ရာ ပြငှားန်ချက်များ၊ အခြား ဥပဒေကြောင်းဆိုင်ရာ ဆွေးနွေးပွဲကို (၂.၂.၂၀၁၅) မှ (၄.၂.၂၀၁၅) ရက်နေ့အထိ (၃) ရက် ပြုလုပ်ခဲ့ပါသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အမျိုးသမီးနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှု တာဆီးရေးနှင့် ဥပဒေအကာအကွယ်များ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ


ဥပဒေရေးရာ ကုစားရေးမြန်မာမှ ဦးစီးပြီး အမျိုးသမီးနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုများ တားဆီးကာကွယ်ရေးနှင့် ဥပဒေအကာအကွယ် ရရှိရေးများနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို (၂၂.၈.၂၀၁၅) ခုနှစ်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအလုပ်ရုံးဆွေးနွေးပွဲသို့ တရားရေးလောကမှ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲအရာရှိများ၊ လူကုန်ကူးတာဆီးရေးမှ တာဝန်ရှိ အရာရှိများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ခလေး စောင့်ရှောက်ရေးမှ တာဝန်ခံများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ကျေးရွာများအခြေပြု Paralegal များ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် အဓိကအားဖြင့် ကချင်ပြည်နယ်တွင် တွေ့ကြုံခံစားနေရသည့် အခက်ခဲများ၊ မလုံခြုံမှုများနှင့် တရားဥပဒေ၏ အကာအကွယ်ရရှိနိုင်ရန် တားဆီးထားသည်များကို ဆွေးနွေးခဲ့ကြပါသည်။ ဥပဒေရေးရာ ကုစားရေးအဖွဲ့မြန်မာသည် ကချင်ပြည်နယ်တွင် ဥပဒေအမြင်ဖွင့်သင်တန်းများ၊....

LCM မှ ကြီးမှူး ကျင်းပသည့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုလျှော့ချ ကာကွယ်တာဆီးရေးနှင့် တရားမျှတမှု ရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပုသိမ်တွင် ပြုလုပ်


(၁၆.၈.၂၀၁၅) ရက်နေ့၊ ပုသိမ်ဟိုတွယ်တွင် ဥပဒေရေးရာ ကုစားရေးရုံးမြန်မာမှ ဦးစီးပြီး အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှု လျှော့ချကာကွယ် တာဆီးရေးနှင့် တရားမျှတမှုရရှိရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ ထို အလုပ်ရုံးဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နောင်အနာဂတ်ကာလများတွင် အမျိုးသမီးများဘဝ သာယာလှပ လုံခြုံရေးအတွက် အစိုးရ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ရပ်ရွာလူထုများ ပေါင်းစည်း လုပ်ဆောင်သွားကြရန် တိုက်တွန်းပြောဆိုခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအခြေပြု လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ အရာရှိများ၊ လူကုန်ကူးနှင့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် Paralegal များ စုစုပေါင်း အင်အား ၉၀ ခန့် တက်ရောက်ခဲ့ပါသည်။

၂၀၁၂ Paralegal သင်တန်းတွင် သင်တန်းဆင်းလက်မှတ်ကို ပေးအပ်နေစဉ်


ဒရုံဆိပ်ကမ်းမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်တို့မှ သင်တန်းသား/သူများ စုပေါင်းပြီး ဥပဒေရေးရာ ကုစားရေးရုံတွင် ပြုလုပ်သည့် သင်တန်းဖြစ်ပါသည်။

ရခိုင်ပြည်နယ်တွင် ပြုလုပ်သည့် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


ရခိုင်ပြည်နယ်တွင် ပြုလုပ်သည့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် သက်ဆိုင်သည့် နိုင်ငံတကာပြဌာန်းချက်များ၊ ပြည့်တွင်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို လူအခွင့်အရေးကော်မရှင်မှ ဆရာမကြီး ဒေါက်တာဒေါ်သန်းနွဲ့မှ လာရောက် ဆွေးနွေးပေးခဲ့ပြီး ရခိုင်ပြည်နယ်မှ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အရာရှိများ၊ တရားရေးဌာနမှ ဥပဒေအရာရှိများ၊ တရားသူကြီးများနှင့် လူမှု့အဖွဲ့အစည်းများမှ သက်ရောက်ကြပါသည်။

မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တွင် ပြုလုပ်သည့် Paralegal Training



ဒဂုံတက္ကသိုလ် ဥပဒေကျာင်းသား/သူများအား ဥပဒေအမြင်ဖွင့်သင်တန်းပို့ချပေးနေခြင်း


ဒဂုံတက္ကသိုလ်၊ ဥပဒေကျောင်းသား/သူများကို ဥပဒေအမြင်ဖွင့် သင်းတန်းပြုလုပ်ခဲ့ပြီး၊ ထိုသင်တန်းတွင် ဥပဒေအခြေခံ သိကောင်းစရာများအပြင် တရားရုံးအဆင့်ဆင့်တွင် လိုက်နာဆောင်ရွက်ရမည့်များကို မျှဝေပေးခဲ့ပါသည်။

ပြစ်မှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို မန္တလေးတွင် ပို့ချနေခြင်း


Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat....

ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကောင်းစဉ်ဖြင့် Panel Discussion စကားဝိုင်း (ရခိုင်ပြည်နယ်)


LCM မှ ကြီးမှူးကျင်းပသည့် ညှဉ်းပန်းနှိပ်စက်မှု လျော့ချပပျောက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို (၂၉.၈.၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တရားရေးဌာနမှ အရာရှိများ၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများ၊ ရခိုင်ပြည်နယ်အခြေပြု အရပ်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံရှေ့နေများ တက်ရောက်ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်တွင် မည်ကဲ့သို့သော ညှဉ်းပန်းနှိပ်စက်မှုများဖြစ်ပေါ်နေပြီး ဥပဒေ၏ အကာအကွယ်များရရှိအောင် မည်ကဲ့သို့ လုပ်ဆောင်နေကြသည်နှင့် ထိုသို့ ဥပဒေအကာအကွယ်များကို ရှရိအောင် လုပ်ဆောင်ကြရာတွင် မည်ကဲ့သို့သော အခက်အခဲများ ကြုံတွေ့နေရသည်များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် Stakeholders များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲကို နံနက် (၉း၀၀) နာရီမှ ညနေ (၅း၀၀) နာရီထိ ပြုလုပ်ကျင်းပခဲ့ပါသည်။

ဥပဒေအမြင်သင်တန်းပို့ချနေခြင်း


Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat. Duis aute irure dolor in reprehenderit in voluptate velit esse cillum dolore eu fugiat....